By Kurt De Haan
Former Managing Editor of “OUR DAILY BREAD”
![]() |
| Our Daily Bread |
ဂတိတော်တွေကို ဘာကြောင့် သံသယဖြစ်ကြရသလဲ?
၁။ လွဲမှားတဲ့ မြော်လင့်ချက်တွေကြောင့် Faulty Expectations
ကိုယ်ထင်တဲ့နည်းအတိုင်း ဘုရားသခင် လုပ်ပေးမယ်လို့
မြော်လင့်နေတာဟာ မှားပါတယ်။ ကိုယ့်အထဲက အရင်ပြောင်းလဲမှ ပြင်ပအခြေအနေတွေ
ပြောင်းလဲမှာကို သတိရပါ။ လူ့အမြင်က တိမ်ပါတယ်။ ဘုရားသခင်က အဝေးကို
လှမ်းမြင်နေပါတယ်။ လူက အပေါ်ယံ၊ လက်ရှိအခြေအနေကိုဘဲ မြင်ပါတယ်။ ပြဿနာရဲ့
နောက်ကွယ်မှာ ဘုရားသခင် ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာ မသိတတ်ပါဘူး။
၂။ အလွဲအနက်ယူ၊ လိုရာဆွဲသုံးမှုတွေကြောင့် Faulty Interpretation and Applications
ကျမ်းစာကို ကိုယ်လိုတဲ့ တပိုင်းလောက်ပဲ ကောက်ယူတာမျိုး
မလုပ်ရပါဘူး။ ကျမ်းစာ
ထဲက ဂတိတော်ရှိသမျှဟာ ကိုယ့်အတွက်လို့ပဲ မမှတ်ရပါဘူး။
သီးသန့် တဦးတယောက်၊ လူမျိုးတမျိုး (သို့) ခေတ်တခေတ်ထဲက လူတွေကို ပြောထားတာလည်း
ဖြစ်တတ်ပါတယ်။
၃။ လွဲမှားတဲ့ ခံစားချက်တွေကြောင့် Faulty Feelings
ကိုယ်ဒုက္ခရောက်ရင် လူက ဘုရားကို အပြစ်တင်ချင်တယ်။
ကိုယ့်ခံစားချက်က ကိုယ့်ကို နားလည်မှု လွဲမှားစေတာပါ။
၎။ လွဲမှားစွာ အမှတ်ရနေတာတွေကြောင့် Faulty Memory
လူမှာ တနေ့တာမှတ်စရာ အသေးအမွှါးတွေက များလွန်းတော့
အရင်က ကိုယ့်အပေါ် ဘုရားသခင် ကူမတာတွေ၊ သစ္စာစောင့်တာတွေ မေ့နေတတ်တယ်။ အဲဒီတော့
နောင်မှာလည်း ဘုရားသခင် သစ္စာရှိနေမှာကို
ခွန်အားမယူတတ်တော့ပါ။
ဂတိတော်တွေကို ဘယ်လိုစောင့်ထိန်းတော်မူသလဲ? How Does God Keep His
promises?
လူပေးတဲ့ဂတိတွေဟာ ပျက်တတ်ပေမယ့် ဘုရားက သူ့ဂတိကို
စောင့်ထိန်းပါတယ်။
စောင့်ထိန်းပုံကတော့ ……
၁။
သူ့ဘောင်အတွင်းမှာသာ On His Terms
၂။ ရည်ရွယ်သူကို To His intended Audience
၃။ ဘုရားနည်းလမ်းအတိုင်း By His Methods
၎။ အချိန်ကျမှ In His Time
၁။
သူ့ဘောင်အတွင်းမှာသာ On His Terms
ကုန်ပစ္စည်းတခုရဲ့ အာမခံသက်တမ်းဟာ သူ့နှစ်အပိုင်းအခြားအတွင်းမှာသာ ဖြစ်ပါတယ်။
အဲဒီပစ္စည်းကို သုံးစွဲရာမှာလည်း သူ့လမ်းညွှန်ချက်အတိုင်းသာ သုံးရပါတယ်။
ဘုရားဂတိတော်တချို့က သူ့အချိန်ကာလ တခုအတွင်းမှာသာ ဖြစ်သလို၊ ကိုယ့်ဖက်က
လိုက်နာရမယ့်အချက်တွေ ရှိတတ်ပါတယ်။ လိုက်နာဖို့ ပျက်ကွက်ရင် ဂတိတော်ကို
မခံစားရပါဘူး။ တချို့ဂတိတော်တွေကတော့ အချိန်ကာလနဲ့ အရည်အချင်းတွေ မလိုပါဘူး။ ဆာလံ
၁၀၀ ကို ကြည့်ပါ။
“ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု
သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။
ငါတို့သည်လည်း၊ ထာဝရဘုရား၏လူ ဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏။-
ကျေးဇူးတော်ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကို ချီးမွမ်းလျက်
တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီးမွမ်း၍ နာမတော်ကို
ကောင်းကြီးပေးကြလော့။ - အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။
ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက်တည်လေသတည်း။” (ဆာလံ ၁၀၀း ၃- ၅)
တချို့ ဂတိတော်တွေကတော့ အခုလို အမြဲမတည်ဘဲ၊
အရည်အချင်းတခုခု လိုနေတတ်ပါတယ်။
လိုတတ်တဲ့ အရည်အချင်းတွေက ….
အာဒံနဲ့ ဧဝကို ဧဒင်ဥယျာဉ်မှာ စကားနားထောင်မှ
အသက်ရှင်မယ်။ နားမထောင်တဲ့နေ့မှာ သေရမယ်လို့ ဂတိထားခဲ့ပါတယ်။ (ကမ္ဘာ ၂း ၁၆- ၁၇)
သိနာတောင်မှာ မောရှေနဲ့ ဣသရေလလူမျိုးကို
ပညတ်တရားပေးရာမှာ လိုအပ်ချက်တွေ ထားတော်မူခဲ့ပါတယ်။ စကားနားထောင်မှ လူမျိုးတော်လို
စောင့်ရှောက်မှာပါ။ (ထွက်မြောက်ရာ ၁၉း ၃- ၆) ပညတ်တော်ဆယ်ပါးမှာလည်း
ရုပ်ထုကိုရှောင်မှ၊ ဘုရားမေတ္တာကို မြင်ရပါမယ်။ (ထွက်မြောက် ၂၀း ၄- ၆) ဘုရားနာမကို
မရိုသေရင်
အပြစ်လို့ မှတ်တော်မူပါတယ်။ (အငယ် ၇)။
မိဘကိုရိုသေရင်တော့ အသက်ရှည်ပြီး
ကောင်းစားပါမယ်။ (အငယ် ၁၂) ။ ထွက်မြောက်ရာ ၂၃း ၂၀-၃၃ မှာ စကားနားထောင်ရင်-
ရန်သူဘေး၊ အနာရောဂါဘေးတွေကနေ ကယ်တင်မယ်လို့ ဂတိထားပါတယ်။
ဓမ္မသစ်ကျမ်းထဲမှာ တွေရတဲ့ အရည်အချင်း လိုတဲ့ Conditional Promises တချို့ကတော့ …….
qကောင်းကင်အရာတွေကို
စိတ်စွဲလန်း ရှာဖွေရင်၊ လောကအရာ ထပ်ဖြည့်ပေးမယ်။ (မဿဲ ၆း ၂၅- ၃၄)
qဘုရားသခင်ထံ
ချဉ်းကပ်ပြီး၊ မာနတ်ကို ဆီးတားရင်- မာနတ်ထွက်ပြေးသွားလိမ့်မယ်။ (ယာကုပ် ၄း ၇)
qရသမျှကို
ကိုင်စွဲပြီးနေရင်၊ မရွေ့လျော့၊ မတိမ်းယိမ်းပဲ နေလိမ့်မယ်။ (၂ပေ ၁း ၃- ၁၁)။
qဖေါ်ပြတောင်းပန်သမျှကို
ခွင့်လွှတ်တော်မူမယ်။ (၁ယော ၁း ၉)။
qအလိုတော်နဲ့ညီတာတွေတောင်းရင်
ရကြလိမ့်မယ်။ (၁ယော ၅း ၁၄- ၁၅)။
အရည်အချင်းမလိုတဲ့ ဂတိတော်တွေ …..
လူဖက်က ဘာအရည်အချင်းမှ မလိုပဲ၊ တည်နေမယ့် ဘုရားဂတိတော်တွေလည်း ရှိပါတယ်။ အဲဒီ Unconditional Promises တချို့ကတော့ ..…
uနောက်တဖန် ကမ္ဘာကြီးတခုလုံးကို
ရေမလွှမ်းတော့ဘူးလို့ နောဧကို မိန့်တော်မူပါတယ်။ (ကမ္ဘာ ၉း ၈-၁၇)
uအာဗြဟံကို သားတယောက်၊
လူမျိုးကြီးတမျိုးနဲ့ တိုင်းပြည်တပြည် ဂတိပေးထားပါတယ်။ (ကမ္ဘာ ၁၅)
uဒါဝိဒ်ရဲ့ သားမြေးတွေ
အစဉ်အဆက် နန်းထိုင်ရမယ်။ (၂ရာ ၇း ၁၆)
uဣသရေလနိုင်ငံကို
ပြန်တည်ထောင်ပေးတော်မူမယ်။ (ယေရမိ ၃၀- ၃၃)။
uသခင်ယေရှုဟာ
ကောင်းသူတွေကို ဆုပေးပြီး၊ ဆိုးယုတ်သူတွေကို ဒဏ်ပေးဖို့ တခါပြန်ကြွလာမယ်။ (မဿဲ ၁၆း
၂၇။ ၂၅း ၃၁- ၄၆)။
uမာနတ်က အသင်းတော်ကို
မနိုင်ရဘူး။ (မဿဲ ၁၆း ၁၈)။
uသခင်ယေရှုကို
ယုံကြည်သူတိုင်း အကယ်ခံရပြီး၊ ထာဝရအသက်ရတယ်။ (ယော ၆း ၃၅- ၄၀)။
ဂတိတော်တွေဟာ တဝက်တပျက်ပဲ ပြည့်စုံတယ်လို့ ရှိတတ်သလား?
ရှိတတ်ပါတယ်။ လူ့ဖက်က လိုအပ်ချက် မပြည့်စုံတဲ့အခါ
ဖြစ်တတ်ပါတယ်။ ဣသရေလ
လူမျိုးတွေ ခါနန်ပြည်ဝင်တော့ ခါနန်လူမျိုးတွေကို တဝက်တပျက်ပဲ နှင်ထုတ်တော့၊
ပြည်တော်ကိုလည်း တဝက်တပျက်ပဲ အမွေခံရပါတယ်။
ကယ်တင်ရှင်ကြွလာမယ်ဆိုတဲ့ ဓမ္မဟောင်းဂတိတော်တွေဟာလည်း သခင်ယေရှု ပထမအကြိမ်
ကြွလာတော့ တဝက်ပဲ ပြည့်စုံပြီး၊ တချို့ ဂတိတော်တွေက နောက်တခါ
ကြွလာမှ ပြည့်စုံမှာပါ။ ပထမအကြိမ် ကြွလာတော့ ဝေဒနာခံတဲ့ အစေခံကျွန်လို
လာပြီး၊ နောက်တခါမှာတော့ ဘုရင်လို လာမှာ ဖြစ်ပါတယ်။
သုတ္တံကျမ်းကို ဂတိတော်လို့ အနက်အဓိပ္ပါယ်
ကောက်ယူနိုင်ပါသလား?
သုတ္တံကျမ်းရဲ့
ဂတိတော်တွေက ကျယ်ပြောတဲ့သဘောရှိပါတယ်။
ကောင်းမွန်စွာ အသက်ရှင်ရင် အကျိုးရမှာ ဖြစ်သလို၊ ဆိုးသွမ်းရင်တော့ ဒုက္ခတွေ့မှာ
ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းရဲ့
ဘောင်အတွင်းနဲ့ ကျမ်းစာတအုပ်လုံးရဲ့ သွန်သင်ချက်ကို အလေးမထားပဲ အနက်ဖွင့်ရင်
လွဲသွားနိုင်ပါတယ်။
သုတ္တံကျမ်းက
လက်တွေ့ကျင့်ကြံဖို့ ပညာတရားကို သင်ပေးပါတယ်။ ဥပမာ။ အကြမ်းဖက်သမားဟာ
ပြန်အကြမ်းဖက်ခံရပြီး သေသွားနိုင်ပါတယ်။ ဒါပေမယ့် တခါတရံမှာ ဘုရားသခင်ဟာ
တချို့ကိစ္စတွေကို နောက်ဆုံးသောနေ့မှသာ စီရင်ဖို့လည်း သည်းခံနေနိုင်ပါတယ်။
ပညာတရားကို
လိုက်လျှောက်ကျင့်သုံးရင်- ချမ်းသာမယ်၊ မဆင်းရဲ၊ မငတ်မွတ်ဘူးလို့ သွန်သင်ပါတယ်။
(သုတ္တံ ၁၀း ၃) ။ ဒါက စိုက်တဲ့အတိုင်း ရိတ်ရမယ်ဆိုတဲ့ General Principles ယေဘုယျသဘောနဲ့တော့
ကိုက်ပါတယ်။ (ဂလာတိ ၆း ၇)။ ဒါပေမယ့် လူ့ဘဝက အမြဲတမ်း တရားသေ ကြိုပြီးတွက်ဆလို့
မရတတ်ပါဘူး။ Life is not always so predictable. ဒါကို ယောဘ၊
ဒါဝိဒ်၊ ရှောလမုန်နဲ့ ရှင်ပေါလုတို့ရဲ့ အသက်တာမှာ တွေ့မြင်နိုင်ပါတယ်။
အတော်များများမှာ ဘုရားသခင်က အခုဘဝထက်၊ နောင်တမလွန်အကျိုးကို ပိုပေးချင်လေ့
ရှိတာတွေ့ရပါတယ်။ ဒါကြောင့် သုတ္တံကျမ်းက လက်တွေ့ကျင့်သုံးဖို့ ပညာကိုသာ ပေးနေတာ
ဖြစ်ပါတယ်။
စဉ်းစားစရာကတော့
ဘုရားက ဂတိတည်ပြီး၊ လူဖက်က အရည်အချင်း မပြည့်ဖြစ်တတ်တဲ့ အချက်ပါပဲ။
၂။ ရည်ရွယ်သူကို
To His intended Audience
ကျမ်းစာဖတ်ရင်းနဲ့ နို့နဲ့ပျားရည်စီးတဲ့ ခါနန်ပြည်အကြောင်းရောက်တဲ့အခါ
စိတ်လှုပ်ရှားသွားနိုင်ပါတယ်။ ဘာမှ ပင်ပင်ပန်းပန်းမလုပ်ရဘဲ၊ အသီးအနှံတွေ
ပေါများတဲ့ တိုင်းပြည်ပါ။ ဒါပေမယ့် အဲဒါ သင့်အတွက်မဟုတ်ပါဘူး။ အဲဒါက ဣသရေလလူမျိုး
တွေကို တချိန်က ပေးခဲ့တဲ့ ဂတိပါ။ ဒါကြောင့်
တချို့ဂတိတော်တွေက ရည်ရွယ်သူတွေ
အတွက်သာ ဖြစ်ပါတယ်။ အားလုံးနဲ့ မဆိုင်ပါဘူး။
Asher 4
Christmas, 2012
ဆာလံ ၁၄၅ ကိုရေးတဲ့ ဆာလံဆရာဟာ
တချို့ဂတိတော်တွေဟာ အားလုံးနဲ့ သက်ဆိုင်ပြီး၊ တချို့ဂတိတော်တွေက လူတချို့အတွက်သာ
ဖြစ်တာကို ရိပ်မိခဲ့ပါတယ်။
“ထာဝရဘုရားသည် ခပ်သိမ်းးသောသူတို့အား
ကျေးဇူးပြုချင်သော သဘောရှိ၍၊ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏။” (ဆာလံ ၁၄၅း ၉)
“လက်တော်ကို ဖွင့်၍၊ အသက်ရှင်သော
သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။”
(အငယ် ၁၆) “ထာဝရဘုရားသည်
ပဌနာပြုသောသူအပေါင်း၊ သစ္စာနှင့်တကွ ပဌနာပြုသောသူအပေါင်းတို့၏ အနီးအပါး၌
ရှိတော်မူ၏။ - ကြောက်ရွံ့သောသူတို့၏ အလိုကိုပြည့်စုံစေတော်မူ၏။ ထိုသူတို့၏
အော်ဟစ်ခြင်းကို ကြား၍ ကယ်တင်တော်မူ၏။ ထာဝရဘုရားသည် ကြည်ညိုသောသူအပေါင်းတို့ကို
စောင့်မတော်မူ၏။ မတရားသောသူအပေါင်းတို့ကိုကား၊ ဖျက်ဆီးတော်မူမည်။” (အငယ် ၁၈- ၂၀)
ဂတိတော်တခုကို မကိုင်စွဲခင်မှာ အဲဒီဂတိဟာ ကိုယ့်ကို
ပြောသလား၊ မပြောဖူးလားဆိုတာ သိဖို့လိုအပ်ပါတယ်။ အားလုံးနဲ့ဆိုင်တဲ့ ဂတိတော်တွေ
ရှိသလို၊ ယုံကြည်သူအတွက် အရည်အချင်းလိုတာနဲ့ အရည်အချင်း မလိုတဲ့ Conditional and Unconditional ဂတိတော်တွေ လည်း ရှိပါတယ်။ တချို့ဂတိတော်တွေကတော့ ဣသရေလလူမျိုးအတွက်သာ
ဖြစ်တယ်။ ဒီ့အပြင် တချို့ဂတိတော်တွေက ခေတ်တခေတ်က လူတချို့အတွက်သာ ဖြစ်ပါတယ်။
တဦးတယောက်တည်းကို ပေးခဲ့တဲ့ဂတိတော်ကို ကိုယ့်အတွက်
မူအဖြစ်သုံးလို့မရဘူးလား?
တခါတလေ ရပါတယ်။ တခါတလေ မရပါဘူး။ ဂတိတော်က မပြောင်းလဲနိုင်တဲ့
ဘုရားဂုဏ်တော်နဲ့ ဆက်စပ်နေရင် ရပါတယ်။ (ယာကုပ် ၁း ၁၇) ဥပမာ၊ သခင်ဘုရားက
ရှင်ပေါလုကို “ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်” (၂ကော
၁၂း ၇-၁၀) ရှင်ပေါလုရဲ့ ကိုယ်မှာရှိတဲ့ ဆူးကို ရည်ရွယ်တာပါ။ ဒီအချက်က
ကိုယ့်အားနည်းချက်ကို သိတဲ့သူတိုင်းအတွက် ဘုရားတန်ခိုးခံစားရဖို့ သက်ဆိုင်တဲ့
ကျမ်းချက်တချက်ပါ။ ဧဖက် ၁း ၁၉။
ဒါပေမယ့်
ယောရှုကိုပေးတဲ့ “သင်တို့နင်းသမျှသော
မြေကို သင်တို့အား ငါပေးမည်” ဆိုတဲ့ ဂတိကိုတော့ တခြားသူတွေ
ဆွဲသုံးလို့ မရပါဘူး။ (ယောရှု ၁း ၃)
၃။ ဘုရားနည်းလမ်းအတိုင်း By His Methods
ဟေရှာယ ၅၅ မှာ … “ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်နှင့်
မတူ။
ငါ၏အကျင့်သည်လည်း သင်တို့၏ အကျင့်နှင့် မတူ။- မိုဃ်းကောင်းကင်သည်
မြေကြီးထက်သာ၍ မြင့်သကဲ့သို့
ငါ၏အကျင့်သည် သင်တို့၏ အကျင့်ထက်၎င်း၊ ငါ၏အကြံအစည်သည် သင်တို့၏အကြံအစည်ထက်၎င်း
သာ၍မြင့်၏။ ” (အငယ် ၈- ၉)
ဂတိတော်ကို ဘယ်လို မြင်သာတဲ့နည်းတွေနဲ့
ပြည့်စုံစေပါသလဲ?
ကျမ်းစာထဲက
ဂတိတော်အများစုနဲ့ ကြိုတင်ဟောပြောချက်တွေက သခင်ယေရှု ကြွလာခဲ့တာနဲ့ကို
ပြည့်စုံပြီးသွားပါပြီ။
နားလည်ရခက်ခဲတဲ့ နည်းတွေနဲ့ ဂတိတော်တွေ ပြည့်စုံစေတာ
ရှိသလား?
ကယ်တင်ရှင်ကြွလာမယ်လို့တော့
မြော်လင့်သူတွေ အနည်းအကျဉ်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ကယ်တင်ရှင် သခင်ယေရှုက
ဂျူးလူမျိုးနဲ့ တပါးအမျိုးသား
တွေကိုပါ တပြိုင်နက် ကယ်မယ်ဆိုတာတော့ လူတွေ သိပ်နားမလည်နိုင်ခဲ့ကြပါဘူး။
မမြော်လင့်တဲ့နည်းနဲ့ ဂတိတော်တွေ ပြည့်စုံတာ ရှိသလား?
တခါတရံလည်း
နားလည်ရခက်တဲ့နည်းတွေနဲ့ ပြည့်စုံစေတတ်ပါတယ်။ ဖါရောဘုရင်ရဲ့ စစ်တပ်ကို
ပျက်စီးစေပုံ (ထွက်မြောက်ရာ ၁၄)၊ ယေရခေါမြို့ရိုး ပြိုကျတာ (ယောရှု ၆)၊
အာရှုရိစစ်သား ၁၈၅,၀၀၀ ကို ထာဝရဘုရားရဲ့
ကောင်းကင်တမန်က ဒဏ်ခတ်တာ (၄ရာ ၁၉း ၃၅)၊ မြော်လင့်မထားတဲ့ ထူးထူးဆန်းဆန်းနည်းတွေပါ။
ဝိညာဉ်သဘောအရ ပြည့်စုံသွားတဲ့ ဂတိတော်တွေ ရှိသလား?
တချို့က
ဘုရားအလိုတော်အတိုင်းနေရင် မဆင်းရဲဘူး၊ မဖျားနာဘူး၊ ဒုက္ခမတွေ့ဘူးလို့ ထင်တတ်ပါတယ်။
ယောဘကို ကြည့်ပါ။ မကျန်းမာဘူး၊ ဆင်းရဲနေ
တယ်၊ ဒုက္ခတွေ့နေတယ်။ ဒါပေမယ့် ဝိညာဉ်ကောင်းကြီးတွေက ကြွယ်ဝပါတယ်။
ဟေရှာယ ၄၀း ၃၁ က “ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊
အားပြည့်ကြလိမ့်
မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို
အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောကြရ။” ဆိုတာ ကိုယ်ခန္ဓာကို
ပြောတာမဟုတ်ဘူး။ ဝိညာဉ် ခွန်အားပြည့်တာကို ပြောတာပါ။
၎။ အချိန်ကျမှ
In His Time
မူကြိုကလေးအရွယ်တွေက အချိန်ကို
နားမလည်သေးဘူး။ နောက် ၂ ပတ်ကြာရင် တိရစ္ဆာန်ရုံကို
သွားမယ်ဆိုလို့ကတော့ နေ့တိုင်း တိရစ္ဆာန်ရုံကို သွားတော့မလားလို့ ၂
ပတ်လုံးလုံး မေးနေတော့မှာပဲ။ လူကြီးတွေလည်း ဘုရားအချိန်ကို
မစောင့်နိုင်ဘူး။
နှစ်ချီပြီး မကြာစေချင်ဘူး။ တရက်၊ ၂ ရက်အတွင်း ပြည့်စုံချင်ကြပါတယ်။
ဒေသနာဆရာက “ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့
အချိန်ရှိ၏။” (ဒေသနာ ၃း ၁) ဘုရားမှာ အချိန်ဇယား ရှိတယ်။
သူ့အချိန်ဇယားက အကောင်းဆုံးပါပဲ။ စောင့်ဆိုင်း
တတ်ဖို့လိုပါတယ်။
ဂတိတော်က နှေးတတ်သလား?
အာဗြဟံနဲ့
စာရာကို သားပေးမယ်ဆိုပေမယ့် နှစ်အတော်ကြာအောင် မပေးသေးပါဘူး။ အသက်ကြီးမှ ပေးတာပါ။
ဒါဟာ နှေးတယ်ဆိုတာထက် အချိန်ကျမှ
ပေးတာပါ။
ဂတိတော်နှေးနေရင် လူတွေ ဘယ်လို တုန့်ပြန်ကြသလဲ?
တချို့က
သည်းခံခြင်းတိုးပွါးလာတယ်။ တချို့က ယုံကြည်ခြင်းကို ဆက်
ထိန်းထားနိုင်ကြတယ်။ တချို့ကတော့ သူတပါး မြော်လင့်နေတာကို ကဲ့ရဲ့တတ်ကြတယ်။
ယုံကြည်ခြင်းအားကြီးတဲ့ အာဗြဟံမှာလည်း သံသယဝင်တဲ့အချိန်တွေ ရှိခဲ့ပါတယ်။
ဇနီးသည် စာရာ အိုမင်းလာတော့ ဘုရားဂတိပြည့်စုံသွားအောင် အာဗြဟံနဲ့ စာရာက လူ့ညဏ်နဲ့
ထွင်လိုက်ကြပါတယ်။ ဣရှမေလ မွေးလာပါတော့တယ်။ (ကမ္ဘာ ၁၆)။ ဒါပေမယ့် သူ့အချိန်ကျတော့
သားဣဇက်ကို အံ့ဩထူးဆန်းဖွယ်ရာ မွေးဖွါးလာစေပါ
တော့တယ်။ (ကမ္ဘာ ၂၁း ၁- ၇)
ဂတိတော်အကြောင်း အတော်အတန် လေ့လာခဲ့ပါပြီ။
သမ္မာကျမ်းစာကို အနက်ဖွင့်ရာမှာ ……..
၁။ ကျမ်းစာပိုဒ် context ရဲ့ ဆိုလိုရင်းနဲ့ ညီရပါမယ်။
သူ့ရှေ့က စာပိုဒ်၊ သူ့နောက်က စာပိုဒ်တွေနဲ့ သဘောတူရပါမယ်။
၂။ သမ္မာကျမ်းစာတအုပ်လုံးရဲ့
ဆိုလိုရင်း context နဲ့လည်း
ကိုက်ညီရပါမယ်။
သမ္မာကျမ်းစာရဲ့ အရေးအကြီးဆုံး ဂတိတော်ကတော့ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်
ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော
သားတော်ကို စွန့်တော်မူသည့် တိုင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော ၃း ၁၆) ဖြစ်ပါတယ်။ ဒီကတိတော်က အခြေအနေပေါ်မူတည်တဲ့ conditional
promise ဖြစ်ပါတယ်။ အခြေအနေက “ယုံကြည်” ရပါမယ်။ “ယုံကြည်”ရင် အခမဲ့လက်ဆောင် ထာဝရအသက်ရပါတယ်။ ပျက်စီးခြင်း၊ အပြစ်စီရင်ခြင်း
မခံရတော့ပါဘူး။ တခါမှ ကယ်တင်ရှင်ကို မယုံကြည်၊ လက်မခံ ရသေးရင် အခုလက်ခံလိုက်ပါ။
ဘုရားသခင်ရဲ့ ဂတိတော်ကတော့ “ထာဝရအသက်” ရပြီး၊
ကောင်းကင်ဝင်စားခွင့်ရတာပါပဲ။
သမ္မာကျမ်းစာထဲမှ ကတိတော်များ
ဘုရားသခင်က သူ့ကတိကို အမြဲထိန်းပါတယ်။ “ထိုသခင်မှာ ဘုရားသခင်၏
ဂတိတော်ရှိသမျှတို့သည် ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလိုငှါ၊
ဟုတ်မှန်၏ဟူ၍၎င်း၊ အာမင်ဟူ၍၎င်း ဖြစ်သတည်း။” - ၂ကော ၁း ၁၉- ၂၀
ဘုရားသခင်က သူ့ကတိကို ဘယ်တော့မှ မဖျက်ဘူး။ “ငါ၏ပဋ္ဋိညာဉ်တရား
ကိုလည်းမရှုတ်ချ။ ငါမိန့်မြွက်သော စကားလည်း
ဖေါက်ပြန်ခြင်းမရှိရ။” - ဆာလံ ၈၉း ၃၄
ဘုရားသခင်ရဲ့ ဂတိဟာ တခုမှ ပျက်တယ်လို့ မရှိဘူး။ ယောရှုပြောခဲ့ဖူးတာက “ငါသော်ကား၊
မြေသားအပေါင်းတို့ သွားရာလမ်းသို့ ယနေ့သွားလုပြီ။ သင်တို့၏ဘုရား
သခင် ထာဝရဘုရားသည် သင်တို့အဘို့ မိန့်တော်မူသော
ကောင်းကျိုးတစုံတပါးမျှ မယုတ်မလျော့။ အကုန်အစင် ပြည့်စုံကြောင်းကို သင်တို့သည်
စိတ်နှလုံးထဲမှာ သိကြ၏။” - ယောရှု ၂၃း ၁၄
ထာဝရအသက်နဲ့ဆိုင်တဲ့ ဂတိတော်ပေးထားပါတယ်။ “ငါတို့အားပေးတော်မူသော
ဂတိတော်မူကား၊ ထာဝရအသက်ကို ဝန်ခံတော်မူသော ဂတိတော်ပေတည်း။” - ၁ယော ၂း ၂၅
မဖြစ်နိုင်ဘူးဆိုတာတွေ ဘုရားသခင်တတ်နိုင်ပါတယ်။ “လူမတတ်နိုင်သောအမှုကို
ဘုရားသခင်တတ်နိုင်တော်မူသည်။” - လုကာ ၁၈း ၂၇
စိတ်သဘောအသစ်၊ လိုအင်ဆန္ဒအသစ်ကို ပေးမယ်။ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို
သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။”
- ယေဇကျေလ ၃၆း ၂၆
ခွင့်လွှတ်ပေးမယ်။
“ကိုယ်အပြစ်တို့ကို ဖေါ်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍
ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်
ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏။” - ၁ယော၁း ၉
အပြစ်တွေနဲ့ ဝေးကွာစေမယ်။ “အရှေ့မျက်နှာစွန်းသည်
အနောက်မျက်နှာစွန်းနှင့် ဝေး သည့်အတိုင်း၊
ငါတို့အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏။” -ဆာလံ ၁၀၃း
၁၂
Asher
10
အပြစ်တွေကို မြှုပ်နှံပေးမယ်။ “ကိုယ်တော်သည် အကျွန်ုပ်တို့ကို တဖန်သနား၍၊
အကျွန်ုပ်
တို့၏ ဒုစရိုက်ရှိသမျှတို့ကို
ကျော်နင်းတော်မူလိမ့်မည်။ အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကို နက်နဲသော
ပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။” - မိက္ခာ ၇း ၁၉
ဝိညာဉ်ပကတိအကျိုးတွေ (အသီးအပွင့်) ပေးမယ်။ “ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်
ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊
စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ ထိုသို့သော အကျင့်ကို
အဘယ်တရားမျှ မမြစ်တား။ ” ဂလာတိ ၅း ၂၂- ၂၃
ကြောက်ရွံ့ရာမှ ကယ်နှုတ်မယ်။ “ငါသည် ထာဝရဘုရားကို ရှာသောအခါ နားထောင်
တော်မူ၏။ ကြောက်မက်ဖွယ်သော အကြောင်းအလုံးစုံတို့အထဲက
ငါ့ကို ကယ်နှုတ်တော်
မူ၏။” - ဆာလံ ၃၄း ၎
သားသမီးတွေကို ကယ်တင်မယ်။ “သင်နှင့် ရန်တွေ့သောသူကို ငါသည် ရန်တွေ့၍၊
သင်၏သားတို့ကို ကယ်တင်မည်။”
ယေရှာယ ၄၉း ၂၅
သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးမယ်။ “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သား
တို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက
ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား
သန့်ရှင်းသောဝိညာဉ်တော် ကို သာ၍
ပေးတော်မူမည် မဟုတ်လော။” - လုကာ ၁၁း ၁၃
လိုတာအားလုံး ဖြည့်ဆည်းပေးမယ်။ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌
စံပယ်တော်မူသော စည်းစိမ်ရှိသည့်အတိုင်း၊ သင်တို့ အလိုရှိသမျှတို့ကို ယေရှုခရစ်အား
ဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” - ဖိလိပ္ပိ ၄း ၁၉
ကောင်းတဲ့အရာတွေကို ပေးဖို့ မငြင်းဘူး။ “ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။
အကွယ်အကာလည်း ဖြစ်တော်
မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေတော်ကို
ပေးတော်မူ၏။ ဖြောင့်
မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို
ငြင်းတော်မမူ။” - ဆာလံ ၈၄း ၁၁
ဥာဏ်ပညာကို ပေးမယ်။
“သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊
ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနား
တော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင်
ရလိမ့်မည်။” ယာကုပ် ၁း ၅
ငြိမ်သက်ခြင်းပေးမယ်။ “စိတ်နှလုံး တည်ကြည်သောသူသည် ကိုယ်တော်၌
ခိုလှုံသော
ကြောင့်၊ ငြိမ်သက်ခြင်းသက်သက် ရှိမည်အကြောင်း
စောင့်ရှောက်တော်မူလိမ့်မည်။” - ဟေရှာယ ၂၆း ၃
စုံစမ်းနှောက်ယှက်ခြင်းမှ လွတ်မြောက်စေမယ်။
“လူ၌ဖြစ်တတ်သော
စုံစမ်းနှောက်ယှက်
ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်
ပြည့်စုံတော်မူသည်
ဖြစ်၍၊
သင်တို့ မခံနိုင်သော စုံစမ်းနှောက်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်
ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည့်အကြောင်း
စုံစမ်းနှောက်ယှက်ခြင်းအရာနှင့်တကွ၊
ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။” - ၁ ကော ၁၀း ၁၃
ရောဂါပျောက်ကင်းစေမယ်။ “သင်၏အနာရောဂါများကို ငါပျောက်စေ၍၊
ကျန်းမာပကတိ
ဖြစ်စေမည်။” - ယေရမိ ၃၀း ၁၇
ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေးမယ်။ “သင်၌ မကောင်းသော အနိဌရုံ မကပ်မ
ရောက်။ သင့်နေရာသို့ ဘေးဥပဒ် မချဉ်းရ။” - ဆာလံ ၉၁း ၁၀
သေရာကနေ ထမြောက်တဲ့နေ့ရှိဦးမယ်။ “ဤအမှုအရာကို အံ့ဩခြင်း မရှိကြနှင့်။
သချိုင်း
များမှာရှိသောသူ အပေါင်းတို့သည် သားတော်၏
စကားသံကိုကြား၍၊- ထွက်ရမည့်အချိန်
ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည်
အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည်
အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ရကြလတံ့။” ယောဟန် ၅း ၂၈- ၂၉
နောက်တခါ ပြန်ကြွလာဦးမယ်။ “ငါ့အဘ၏ အိမ်တော်၌ နေစရာ
အခန်းအများ ရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါ မပြောဘဲ မနေ။
သင်တို့နေစရာ အရပ်
ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။- ငါသည်သွား၍
သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ
တဖန်လာပြန်၍၊
ငါရှိရာအရပ်၌ သင်တို့ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်း မည်။” ယောဟန် ၁၄း ၂- ၃
သေခြင်း၊ ဝမ်းနည်းခြင်းနဲ့ ဝေဒနာတွေ တနေ့
ချုပ်ငြိမ်းမယ်။ “ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။
နောက်တဖန် သေဘေး မရှိရ။ စိတ်မ သာ ညည်းတွားခြင်း၊အော်ဟစ် ခြင်း၊ ပင်ပန်းခြင်းလည်း
မရှိရ။ အကြောင်းမူကား၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေ့သွားကြပြီ။” - ဗျာဒိတ် ၂၁း ၄ 