Friday, October 11, 2019

ပျော်ပျော်နေပါ။ BE HAPPY!



 ပျော်ပျော်နေပါ။
            လောကမှာ လူတွေပျော်နေကြပါသလား။ အများစုကတော့ဝမ်းနည်းနေ၊ ညည်းတွားနေ၊ စိတ်ပျက်နေကြတာပါ။ ခဏတာ လူ့ဘဝကလေးကို ပျော်ပျော်မဖြတ်နိုင်ဘဲ ၀မ်းနည်းစွာ ဖြတ်နေကြရတာပါ။ နေ့တိုင်း ပျော်ရွှင်နိုင်ဖို့ရာကတော့…

၁။ ရောင့်ရဲပါ။
            “ငွေ ကိုတပ်မက်ခြင်းသည် မကောင်းသောအမှု  အပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။” လို့ ကျမ်းစာကဆိုပါတယ်။ ငွေမက်တော့ မကောင်းတာလုပ်ဖို့ အသင့်ဖြစ်နေတတ်တယ်။ ငွေမက်တော့ ပူပန် စိတ်တွေ ၀င်လာပြီး မပျော်နိုင်ဖြစ်ရတာပါ။
             “ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်းချင်းအငြိုးထား သောစိတ်နှင့် စားရသည်ထက်၊ ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ်နပ်စာသည် သာ၍ ကောင်း၏။” လို့ ကျမ်းစာကဆိုပါတယ်။ ဒါကြောင့် “စားရန်၊ ၀တ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နှင့် နေကြကုန်အံ့” ဆိုတဲ့ ကျမ်းစကားလိုနေကြရင်တော့ အတော် အတန်ပျော်ရွှင်လာနိုင်မှာပါ။

၂။အကောင်းမြင်တတ်ပါ။

                  တွေ့ကြုံရတဲ့အခြေအနေတွေအပေါ်မှာ လူတွေရဲ့သဘောထားပုံ နှစ်မျိုးကွဲ နေပါ တယ်။ အကောင်းမြင်သဘော Positive thinking နဲ့ အဆိုးမြင်သဘော Negative thinking တို့ပါပဲ။ ကလေးနှစ်ယောက်ကို လိမ္မော်သီး တစ်လုံးစီ ပေးတဲ့အခါ၊ တစ်ယောက်က လိမ္မော်သီးတစ်လုံးစား ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်လုံး မရ လို့ စိတ်ညစ်နေတယ်။ နွားနို့ ဖန်ခွက်တစ်ဝက်စီ ဝေတိုက်တော့၊ တစ်ယောက်က  ခွက် တစ်ဝက််သောက်ရလို့ ပျော်နေတယ်။ ကျန်တစ်ယောက်ကတော့ နှစ်ယောက်ဝေရလို့ တစ်ဝက်ပဲရတယ်ဆိုပြီး စိတ်ညစ်နေပါတယ်။
                  နှင်းဆီခြံနားဖြတ်သွားကြတော့ တစ်ယောက်က “နှင်းဆီပန်းတွေလှလိုက်တာ၊ အတော်မွှေးမှာပဲ” ဆိုပြီး ကျန်တစ်ယောက်ကတော့ “ဆူးတွေနဲ့နော်၊ စူးလိမ့်မယ်” လို့စိုးရိမ်နေပါတယ်။ တောအုပ်တစ်ခုကို ဖြတ်သွားကြရာမှာတော့ ပျားအုံတစ်အုံတွေ့ပါတယ်။ တစ်ယောက်က “ပျားရည်ရှိလောက်တယ်။ အတော်ချိုမှာပဲ” တဲ့။ ကျန်တစ်ယောက်ကတော့ “ပျားတုပ်မယ်နော် သတိထား” လို့စိုးရိမ်နေပါတယ်။ ကိုယ့်ဘဝ၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကို ကြည့်တဲ့အခါ အကောင်းမြင် သဘော နဲ့ကြည့်ပါ။ အတော်အတန်ပျော်ရွှင်လာနိုင်မှာပါ။

၃။ကောင်းတာတွေကြိုးစားလုပ်ပါ။
                  ကျွန်တော်တော့ ဘဝတစ်ခုလုံးကောင်းတာတွေလုပ်ဖို့ပဲ ဆုံးဖြတ်အားယူထားပါတယ်။ အကူအညီလိုသူ၊ အခက်ခဲကြံုသူ၊ ဝေဒနာခံစားနေရသူ၊ ဆာလောင်မွတ်သိပ်သူတွေအတွက် တတ်နိုင်သမျှ ကူညီဖို့ အားခဲထားပါတယ်။ ဒီလိုပေးလှူကူညီရာမှာ ဘာသာရေးအဆောက်အဦးတွေထက် ဘာသာဝင်လူတွေကို ပိုပေးလှူကူညီဖို့မြင်တတ်ရပါမယ်။ “ဘာသာတရားက တအားချမ်းသာနေပြီး၊ ဘာသာဝင်တွေဆင်းရဲနေရင်၊ အဲဒီဘာသာတရားဟာ အမှောင်ဖုံးနေပြီ”လို့ Dr.Curtis Hutson ကဆိုပါတယ်။ ဘုရားရှိခိုးကျောင်းကြီးတော ့ဟိန်းနေအောင် ဆောက်ထားကြပေမယ့်၊ ဘာသာဝင်မုဆိုးမတွေ၊ မိဘမဲ့၊ မသန်မစွမ်းသူတွေ၊ ဆွေမျိုးပေါက်ဖော်မဲ့သူတွေ စားရမဲ့သောက်ရမဲ့ဖြစ်နေကြရင် ဘယ်ကောင်းပါ့မလဲ။ ဘုရားသခင်ရဲ့ အဓိကစေတနာက သူချစ်တဲ့လူသားတွေကို ချစ်ကြ၊ ကြင်နာကြ၊ ရိုင်းပင်းကြဖို့ပါ။
                 ကောင်းတာတွေ ကြိုးစားလုပ်တဲ့အခါ၊ ထူးခြားတာက ကိုယ်မကောင်းတာကို ပိုသိလာတာပါဘဲ။ ကိုယ့်အသိစိတ် Conscience ကပြောလာတာပါ။ ကောင်းတာတွေ လုပ်လေလေ၊ ကိုယ်မကောင်းမှန်းသိ လာလေလေပါ။ တစ်ချို့က “ငါက အခုသာ ကောင်းတာမလုပ်ဖြစ်သေးတာ။ တစ်ချိန်ကျရင်တော့ ကောင်းတာတွေလုပ်ဦးမယ်´ လို့ ပြောတတ်ပါတယ်။ လုပ်ကြည့်ပါ။ ကိုယ်မကောင်းတာကို ပိုပိုသိလာမှာပါ။ ဒါကြောင့် “ကုသိုလ်တပဲ ငရဲတစ်ပိဿာ” လို့ သတိစကားလေး ရှေးလူတွေ ထားခဲ့ကြတာပါ။ အဲဒီတော ကောင်းတာလုပ်ပေမယ့် ပျော်သလားဆိုတော့ အမြဲမပျော်နိုင်ပါဘူး။ အဲဒီအပြင် ကိုယ်ကျေးဇူး ပြုသူတွေထဲမှာ သစ္စာမရှိသူတွေ၊ ကျေးဇူးမသိသူတွေ အကောင်းမမြင်တတ်သူတွေလည်း အများကြီးရှိနေနိုင်သေးတယ် မဟုတ်လား။

၄။အမြဲတည်မယ့် အရာတွေကိုရှာပါ ။
                  မျက်စိနဲ့မြင်ရတဲ့အရာတွေဟာ မမြဲပါဘူး။ မမြင်ရတာတွေက မြဲပါတယ်။ မြေကြီးနဲ့ဖန်ဆင်းထားတဲ့ ကိုယ်ခန္ဓာဟာ မမြဲပါဘူး။ အဲဒီကိုယ်ထဲက ၀ိညာဉ်ကတော့ ထာဝရတည်မြဲနေပါတယ်။ လက်ရှိ လူ့ဘဝဟာ ခဏတာပါ။ တမလွန်ကတော့ ထာဝရပါ။
                  အပြစ်ရှိလို့ ငရဲသွားထိုက်ပေမယ့် ဘုရားကကယ်မလို့၊ ဘုရားကျေးဇူးတော်ကြောင့် ငရဲမသွားရ၊ ကောင်းကင်ရောက်မယ်လို့ စိတ်ချရရင်ပျော်စရာပါ။ ဒီလိုပျော်ရအောင် ဘုရားသခင် ပြင်ဆင်ပေးခဲ့ပါပြီ။
                 ဘုရားသခင်ရဲ့ တစ်ပါးတည်းသောသားတော်ကို ဒီလောကထဲလွှတ်ပြီး၊ လူတွေအတွက် ကိုယ်စားအသေခံပေးခဲ့ပါတယ်။ ကျွန်တော်တို့မွေးတဲ့နေ့ကနေ-သေတဲ့နေ့အထိလုပ်တဲ့ အပြစ်တွေအားလုံးရဲ့ ပြစ်ဒဏ်ကတော့ သေဒဏ်ပါ။ အဲဒီသေဒဏ်ကို ကိုယ်စားအသေခံပေးခဲ့တာပါ။ လူစားထိုးခဲ့တာပါ။ အဲဒီလို အသေခံကယ်ပြီးမှ ဘုရားသခင်ကသားတော်ကို ရှင်ပြန်ထမြောက်အသက်ပြန်ရှင်စေပြီး ကောင်းကင်မှာ နေရာပြန် ပေးခဲ့ပါတယ်။ ဘုရားသားတော်သခင်ယေရှုကယ်တာကို လက်ခံရင်ကောင်းကင်မှာ နေစရာအခန်းတွေ ပြင်ထားပေးမယ်။ မစိုးရိမ်နဲ့လို့ဂတိပေးထားပါတယ်။ တည်မြဲတဲ့ကောင်းကင်အိမ်မှာနေဖို့ အခုလိုဆုတောင်းပါ။

အဘဘုရားသခင်
ကောင်းကင်ဘုံမှာနေချင်ပါတယ်။
သားတော်သခင်ယေရှုကယ်ခဲ့လို့ကျေးဇူးတင်ပါတယ်။
ဆက်လက်မစတော်မူပါ။ အာမင်။

                      ဒီလိုစိတ်ရင်းမှန်နဲ့ ဆုတောင်းလိုက်တာနဲ့၊ ဘုရားသခင်ဂတိထားတဲ့အတိုင်း ကောင်း ကင်အရပ်မှာ နေရာရသွားပါပြီ။ ၀မ်းသာစရာပါ။ နောက်တစ်ခု ဒီလောကမှာနေ့တိုင်း ပျော်ရွှင်ဖို့ရာတော့ “သခင်ယေရှု ကျွန်တော့စိတ်ကိုအုပ်စိုးပါ” လို့ နေ့တိုင်း ဆုတောင်း ၀န်ခံရင်တော့ မျက်မြင်အရာတွေအပေါ် ကြည့်ပျော်နေတဲ့အပျော်မျိုးမဟုတ်တော့ပဲ၊ အခြေအနေပေါ်မူမတည်တဲ့ အံ့သြစရာ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားလာရမှာပါ။

ပျော်ရွှင်နိုင်ပါစေ။

မေတ္တာဖြင့်၊

ဆရာထိန်ဝင်းအိ၊
အောင်လံနှစ်ခြင်းအသင်းတော်။
BE HAPPY!       By. Saya Htein Win Ei

GOD’S GREATEST GIFT - ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်


GOD’S GREATEST GIFT - ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်
လူတွေအတွက် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး၊ တန်ဖိုးအကြီးမားဆုံး၊ အကောင်းဆုံး လက်ဆောင်တခုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ဘုရားသခင် စတင် ပေးသနားခဲ့ပါတယ်။ ဒီကနေ့အထိလည်း ပေးနေဆဲပါပဲ။ အဲဒီလက်ဆောင်ဟာ…….

(၁) အားလုံးအတွက်
                   ဘုရားသခင်က ဒီလက်ဆောင်ကို စိတ်ကြိုက်လူတချို့ကိုသာ ပေးခဲ့တာမဟုတ်ပါဘူး။ လူမျိုးတမျိုးတည်းကိုသာ ပေးခဲ့တာလည်း မဟုတ်ဘူး။

                  ယောကျင်္ား မိန်းမမရွေး၊ ပျိုပျိုအိုအို၊ ကလေးတွေတောင် ရနိုင်ပါတယ်။ ပညာတတ်တွေကို ပေးသလို၊ ပညာမတတ်သူတွေလည်း ရနိုင်ပါတယ်။ လှတဲ့သူ ရနိုင်သလို၊ မလှတဲ့သူလည်း ရနိုင်ပါတယ်။ အသားအရာင် မခွဲခြားပဲ၊ အသားဖြူ၊ အသားညို၊ အသားမဲ၊ အသားဝါ လူမျိုးစုံကို ပေးနေတာပါ။
ဘုရားပေးတဲ့ လက်ဆောင်ထိုက်သူဆိုတာ လောကမှာမရှိပါဘူး။ အားလုံးရထိုက်သူတွေပါ။

(၂) လက်ဆောင်
                 ဘုရားသခင်ပေးတဲ့ လက်ဆောင်ဟာ လောကအရာတွေလို ဟောင်းနွမ်းပျက်စီးမသွားဘူး။ သံချေး၊ ပိုးရွမတက်သလို၊ သူခိုးလည်း ထွင်းဖေါက်မခိုးယူနိုင်ပါဘူး။

                 ဘာကြောင့်လဲ? ဘုရားသခင်က သူ့ရဲ့ တပါးတည်းသောသားတော်ကို လက်ဆောင်အဖြစ်ပေးနေလို့ပါ။ ဘုရားသခင်ရဲ့သားတော်ဟာ လူ့လောကကို ကြွလာခဲ့ရတယ်။ အကြောင်းက - လူတွေရဲ့ အပြစ်ကြွေးကို ကိုယ်စား အသေခံပေးဆပ်ပေးဖို့ပါ။
               အပြစ်ရဲ့အခဟာ သေခြင်းပါ။ အပြစ်လုပ်သူဟာ သေထိုက်ပါတယ်။ ဘုရားသားတော်က အားလုံးကိုယ်စား လူစားထိုးအသေခံပေးခဲ့ရတာပါ။  အသေခံပေးလို့ င်္သဂြိုဟ်ပြီးမှ ၃ ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်တော်မူခဲ့ပါတယ်။ ရက် ၄၀ အကြာမှ ကောင်းကင်ထက််ကို ပြန်လည်တက်ကြွတော်မူခဲ့ပါတယ်။

              အဲဒီလိုကြွလာခဲ့တာဟာ `အော်- ငါ့ကို လာကယ်တာပါလား ´ လို့ စိတ်ထဲက အသိအမှတ်ပြုရင်၊ ဘုရားသားတော် ကယ်တင်ရှင်ကို လက်ခံတာ၊ အကယ်ခံတာပါပဲ။
လူလူချင်း လက်ဆောင်ပေးရင် ဘူးတွေနဲ့ ထုပ်ပေးတတ်လို့၊အထဲမှာ ဘာတွေပါသလဲ၊ မုန့်လား? အ
တ်အထည်လား? ပစ္စည်းတခုခုလား? ဆိုပြီး စိတ်လှုပ်ရှားစွာ ဖွင့်ကြရတာပါ။

ဒီလိုပါပဲ။ ဘုရားသခင်က သားတော်ကို ပေးပါတယ်။ သားတော်အထဲမှာ ဘာပါသလဲ? `ထာဝရအသက်´ပါပါတယ်။  `ထာဝရအသက်´ ဆိုတာ ဘာလဲ?..
             ထာဝရအသက်ဆိုတာ သေတဲ့နေမှာ ငရဲမလားတော့ဘူး။ အပြစ်ဒဏ်မခံရတော့ဘူး။ မအို၊ မနာ၊ မသေတော့ပဲ ကောင်းကင်ဘုံထက်မှာ ဘုရားသခင်ကို ဖူးမြော်ပြီး၊ ထာဝရ ပျော်ရွှင်စွာ အသက်ရှင်ရခြင်းပါပဲ။
`သားတော်ကိုရသောသူသည် အသက်ကိုရ၏။´
(၃) အခမဲ့
            ဘုရားသခင်က ထာဝရအသက်ကို ရောင်းတာမဟုတ်ပါ။ ဒါကြောင့် အလှူငွေများများပေးပြီး ၀ယ်စရာမလိုပါဘူး။
            ဆုပေးတာမဟုတ်လို့ ဘုရားကြိုက်မယ်ထင်တာတွေ ကြိုးစားလုပ်ပြီး မြော်လင့်နေဖို့မလိုပါဘူး။
ဘုရားသခင်က သင့်ကို တရားပြနေတာမဟုတ်သလို၊ ပညတ်တွေ ချပြနေတာမဟုတ်ဘူး။

 ဘုရားသခင်က လူတွေကို ကောင်းကောင်းနေစေချင်ပေမယ့် အမိ၀မ်းထဲကတည်းက အပြစ်လုပ်ချင်တဲ့ ဗီဇပါနေကြတဲ့ အတွက် ….. `ကောင်းကောင်းနေမှ ပေးမယ်ကွာ´ လို့လည်း အကြပ်ကိုင်တော်မမူပါဘူး။
ဘာသာဝင်ခိုင်းနေတာမဟုတ်ဘူး။ ဘုရားသခင်က သနားလို့ လက်ဆောင်ပေးနေတာပါ။
(၄) လက်ခံကြပါစို့

            လက်ဆောင်ဆိုတာ လက်ခံလိုက်ရုံပဲ။ လက်ခံလိုက်ရင် ရတာပါပဲ။ ဘုရားပေးလို့ ကိုယ်ရတာပါ။

ဒါပေမယ့် ပေးတဲ့သူက ဘယ်လောက်ရက်ရက်ရောရော စေတနာနဲ့ပေးပေမယ့် လက်ခံရမယ့်သူက ငြင်းနေရင်တော့ အလကားပဲပေါ့။ ဘုရားကပေးရဲ့သားနဲ့ မရတာဟာ မထိုက်တန်လို့မဟုတ်ပဲ၊ လက်မခံလို့သာ မရတာပါ။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ကို လက်ခံဖို့ရာ အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။

`ဘုရားသခင်
ကျွန်တော် အပြစ်သားပါ။
ငရဲသွားထိုက်ပါတယ်။ ဒါပေမယ့်
သားတော် သခင်ယေရှုကို အခု လက်ခံပါပြီ။
ထာဝရအသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘ။´


              ဒီလို ဆုတောင်းလိုက်တဲ့အခါ ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်ကို ရပါပြီ။ သားတော်ကို ရပြီ။ ထာဝရအသက်ကို ရပြီ။ ဘုရားသခင်က ကျမ်းစာထဲမှာ ဂတိပေးထားပါတယ်။

` ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ သားတော်ကိုမရသောသူမူကား အသက်ကိုမရ။´ ၁ ယော ၅း ၁၁-၁၂။

အောင်လံနှစ်ခြင်းအသင်းတော်
စမ်းချောင်းရပ်၊ အောင်လံ။
GOD’S GREATEST GIFT
By Saya Htein Win Ei.

Prophecy ကြိုတင် ဟောပြောခြင်း

သမ္မာကျမ်းစာတအုပ်လုံးရဲ့ ၂၅% ကျော်ဟာ Prophecy ကြိုတင် ဟောပြောချက်တွေ ဖြစ်ပါတယ်။ ဒါဟာ တခြားဘာသာတွေရဲ့ ကျမ်းတွေနဲ့ မတူတဲ့ အချက်ပါပဲ။ သမ္မာကျမ်းစာရဲ့သာမန်ကျမ်းပိုဒ်တွေမှာပင် အံ့သြစရာတွေ ရှိနေတတ်ပါတယ်။ ကမ္ဘာဦး ၅ မှာပါတဲ့ ဆွေစဉ်မျိုးဆက် စာရင်းဟာ အဓိပ္ပါယ်ရှိပါတယ်။ အာဒံဆိုတာ လူလို့ အဓိပ္ပါယ်ရပါတယ်။ သူ့သား ရှေသကတော့ ခန့်ထားသော လို့ ဆိုလိုပါတယ်။ သူ့အကို အာဗေလရဲ့ နေရာကို ဆက်ခံဖို့ ခန့်ထားခံရလို့ပါ။ စာရင်းတခုလုံးကတော့ - - -
    Adam means "Man". အာဒံ = လူ
    Seth means "Appointed". ရှေသ= ခန့်ထားသော
    Enosh means "Mortal". ဧနုတ် =  သေတတ်သော
    Kenan means "Sorrow". ကာဣနန် = ဝမ်းနည်းခြင်း
    Mahalalel means "The blessed God". မဟာလေလ= မင်္ဂလာရှိသော ဘုရားသခင်
    Jared means "Shall come down". ယာရက် = ဆင်းလာမယ်။
    Enoch means "Teaching". ဧနောက် = သင်ပြခြင်း
    Methuselah means "His death shall bring". မသုရှလ = သူ့သေခြင်းက ယူဆောင်လာမယ်။
    Lamech means "The despairing". လာမက် = မြော်လင့်ခြင်းမဲ့နေသော
    Noah means "Comfort (or rest)". နောဧ = သက်သာခြင်း ( အနားရခြင်း)

ဒါတွေ အားလုံးကို အတူ ဆက်ဖတ်လိုက်တဲ့အခါ လူတွေရဲ့ ပထမဆုံး ဘိုးဘေး ၁၀ ယောက် နာမည်ဟာ ကယ်တင်ရှင် ကြွလာမယ့်အကြောင်းကို ကြိုတင်ပြောထားတဲ့ စကား ဖြစ်နေပါတယ်။

"Man (is) appointed mortal sorrow; (but) the blessed God shall come down, teaching (that) His death shall bring the despairing comfort ( or rest)."

"လူဟာ သေဖို့ ဝမ်းနည်းဖို့ရာ မွေးလာတယ်။ (ဒါပေမယ့်) မင်္ဂလာရှိတဲ့ ဘုရားသခင် ဆင်းလာပြီး၊ မြော်လင့်ချက်မဲ့နေသူတွေကို သူ့သေခြင်းကနေ သက်သာခြင်း ယူဆောင်လာမယ်လို့ သွန်သင်မယ်။
(Hidden Treasures in the Biblical Text, p 11-18 မှ)
Email:   papa.pastor@gmail.com

Rapture ချီဆောင်ခြင်း

Rapture   ခရစ်တော်ကြွလာတော့မယ်လို့ ဟောကိန်းထုတ်မှုများရဲ့ အမှား
" ထိုအချိန်နာရီကိုကား အဘယ်သူမှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။ " မဿဲ ၂၄း၃၆

၁။ မသိနိုင်ပါဘူးလို့ ပြောထားရဲ့သားနဲ့ ရက်အတိအကျ ပြောနေရင် အတော်မှားနေပါပြီ။ Family Radio မှ Harold Camping က May 21, 2011 မှာ သခင်ဘုရား ကြွလာမယ်။ October 21, 2011 မှာ ကမ္ဘာပျက်မယ်လို့ ဟောကိန်းထုတ်နေပါတယ်။ အယုံလွယ်သူတွေအတွက်တော့ ပြောစရာကြီးကို ဖြစ်လို့ပေါ့။ ၁၉၉၄ စက်တင်ဘာ ၆ တုန်းကလည်း သူ ၂ နှစ်လောက် ပြောထားတာကို ယုံတဲ့သူတွေက အတူစုဝေး စောင့်နေခဲ့ဖူးပါတယ်။ ကလေးတွေပါမကျန် တနင်္ဂနွေနေ့ အဝတ်အစားတွေနဲ့ ကျမ်းစာအုပ်ကိုင်ပြီး ကောင်းကင်ကို မော့ကြည့် စောင့်စား နေခဲ့ကြတာပါ။ ပြီးမှ ဆရာသမားက အတွက်မှားသွားတယ်လို့ လျှောချလိုက်တာပါ။

၂။ မသိနိုင်အောင် လျှို့ဝှက်ထားပါတယ်ဆိုရင် နိမိတ်တွေ ပြပါ့မလား။ နိမိတ်တွေက ချီဆောင်ခြင်းအပြီး၊ မြေကြီးပေါ်အထိ ကြွလာခါနီးမှ ပြမှာပါ။ သဘာဝဘေးဒဏ်တွေ၊ စစ်ပွဲတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းတွေ၊ အနာရောဂါတွေကတော့ ကမ္ဘာဦးကတည်းက ရှိနေတာပါ။ ဒီဒုက္ခခံစားရသူတွေကို တတ်နိုင်သမျှ ကူညီဖို့ဟာ ခရစ်ယာန်တွေ လုပ်ရမယ့်တာဝန်တွေပဲ။ Signs နိမိတ်လက္ခဏာတွေကို မရှာပါနဲ့၊ Savior ကယ်တင်ရှင်ကိုသာ ရှာပါ။ Do not look for signs but the Savior.

၃။ ခရစ်တော်ကြွလာတော့မယ်ဆိုရင်လည်း ခရစ်ယာန်တယောက်အနေနဲ့ သွေးရူးသွေးတန်း လျှောက်လုပ်နေဖို့ မဟုတ်ပါဘူး။ ယုံကြည်သူဟာ လောကရဲ့ ဆားဆိုတော့ ဆားရဲ့သဘာဝ အငံဓါတ်ကို ထိန်းရပါမယ်။ နှိမ့်ချမှု၊ ဖြူစင်ရိုးသားမှု၊ ဆာငတ်မှု၊ ရန်ငြိမ်းစေတတ်မှု - - - စတာတွေကို ဆက်ထိန်းရပါမယ်။ လောကရဲ့ အလင်းအနေနဲ့ Brighten the corner where you are ဆိုတဲ့ သီချင်းကလေးလိုပဲ ကိုယ်ရှိရာအရပ်မှာ အလင်း လင်းရပါမယ်။

၄။ ခရစ်တော် ကြွလာမှာကတော့ အမှန်ပါ။ ဒါပေမယ့် ရက်အတိအကျပြောတာမျိုးကို ယုံလွယ်တာကတော့ ယုံကြည်ခြင်းအားနည်းသူ၊ ကျမ်းစာ သိပ်မလေ့လာသူ၊ ဘုရားသခင်အတွက် ဘာမှမလုပ်ပဲနေလေ့ရှိသူတွေမှာ အိပ်ချင်မူးတူး ဖြစ်တတ်လေ့ရှိပါတယ်။ ထ ယောင်နေတာမျိုးပေါ့။

၅။ ထ ယောင်တဲ့လူထက်ပိုဆိုးတာက ဟန်ဆောင်တဲ့သူပဲ။ တချို့က ခရစ်တော်ကြွလာတော့မယ်လို့ ပြောနေရရင် သူတို့ကိုယ်သူတို့ ဝိညာဉ်သဘောရှိနေပြီလို့ ကြေနပ်နေတတ်တယ်။ ပါးစပ်ကပြောတာနဲ့ ဝိညာဉ်သဘောရှိတာမဟုတ်ဘူး။ စိတ်ထားပြင်မှ ရှိတာပါ။

၆။ ခရစ်တော်ကြွလာမယ်ဆိုတာဟာ ယုံကြည်သူအတွက် ကြောက်စရာမဟုတ်ဘူး။ ပျော်စရာပါ။ အခုလုပ်ဆောင်ထားတာလေးတွေအတွက် ဆုပေးဖို့ မိုးကောင်းကင်ထက်ကို ချီဆောင်မှာပါ။ စစ်မှန်စွာလုပ်ဆောင်ဖို့ပဲ လိုပါတယ်။ ဒါဆိုပြီးပြီပေါ့။ ပျော်စရာ ဇာတ်သိမ်းခန်းကလေး Happy Ending မှာ ပါဝင်ရမှာ ဖြစ်တဲ့အတွက် ခရစ်ကြွလာခြင်းကို အထိတ်တလန့် မဖြစ်ပဲ ကြည်နူးစွာသာ မြော်လင့်စောင့်စားကြပါစို့။     ။

Standing on the promises of God (Burmese) ဂတိတော်၌ တည်နေခြင်း သီချင်း

Russell Kelso Carter
Standing on the Promises of God - “ဂတိတော်၌ တည်နေသည်“ သီချင်းအကြောင်း

သီချင်းရေးသူ ….. Russell Kelso Carter

Russell Kelso Carter (1849-1928) ဟာ စစ်တက္ကသိုယ်တခုမှာ အားကစားထူးချွန်ခဲ့ပါတယ်။ ကျောင်းစာတော်သလို၊ ဆရာအဖြစ်၊ အားကစားနည်းပြအဖြစ်လည်း အောင်မြင်ခဲ့ပါတယ်။ ဆေးကျောင်းတက်ပြီးတဲ့နောက် မက်သဒစ်ဆရာတယောက်အဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆရာဝန်တယောက်အဖြစ် အသက်မွေးခဲ့ပါတယ်။ သူက ဂီတသမားဖြစ်သလို၊ သီချင်းလည်း ရေးခဲ့ပါတယ်။ ၁၈၈၆ မှာ Songs of Perfect Love သီချင်းစာအုပ်ကို John Sweney (1837-1899) နဲ့ ပူးတွဲတည်းဖြတ်ခဲ့ပါတယ်။ ဝက်စလေကတော့ Beulah Land and Fill Me Now သီချင်းတွေကို ရေးသားခဲ့သူပါ။ ဒီသီချင်းစာအုပ်ထဲမှာ Carter ရဲ့ နာမည်အကြီးဆုံးသီချင်း “Standing on the Promises” လည်းပါခဲ့ပါတယ်။

Carter ဟာ အမည်ခံခရစ်ယာန်ဖြစ်နေခဲ့ပေမယ့်၊ တနေ့တော့ သူ့နှလုံးရောဂါက ဘုရားသခင်ရဲ့ ဂတိတော်တွေကို နားလည်စပြုဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အသက် ၃၀ အရွယ်မှာ ကျန်းမာရေးဆိုးရွာလာပြီး၊ သမားတော်တွေက ဘာမှ မတတ်နိုင်တော့ပါဘူး။ Carter ဟာ ကျန်းမာဖို့ ဘုရားသခင်ထံ လှည့်ပြန်ခဲ့ပါတယ်။

သူဟာ ဒူးထောက်ပြီး၊ ကတိသစ္စာပြုလိုက်တယ်။ ပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ၊ တသက်လုံး ဘုရားသခင်အတွက်ပဲ အသက်ရှင်တော့မယ်လို့ ဂတိထားလိုက်တယ်။ အဲဒီအချိန်ဟာ Carter ရဲ့အထဲမှာ ဘုရားစကားတော်တွေ တကယ် အသက်ဝင်လာတဲ့ အချိန်ပါပဲ။ ဆရာဝန်က ဘာပဲပြောပြော၊ ကိုယ်တိုင် ဘယ်လိုပဲ ခံစားရ၊ ခံစားရ၊ ပျောက်ကင်းစေမယ့် ဘုရားဂတိတော်တွေပေါ်မှာ ရပ်တည်ခဲ့ပါတော့တယ်။ လအတော်ကြာ ရုန်းကန်ခဲ့ပြီးနောက်မှာ ပြန်အားပြည့်လာပါတယ်။ နှလုံးလည်း လုံးဝ ပုံမှန်ပြန်ကောင်းသွားပါတယ်။ နောက်ထပ် နှစ်ပေါင်း ၄၉ နှစ် ကျန်းမာစွာ အသက်ရှင်ခွင့်ရခဲ့ပါတယ်။

 ရောဂါမပျောက်ခင် နှစ်ပေါင်းများစွာကတည်းက ရေးခဲ့တဲ့ “Standing on the Promises” သီချင်းဟာ သူ့အတွက်တော့ စားသားနဲ့ သံစဉ်မျှသာမဟုတ်ပါဘူး။ Carter ရဲ့ တကယ့်ဖြစ်ရပ်၊ ဘဝရဲ့အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။

“မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား ဂတိထားတော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။” - ဟေဗြဲ ၁၀း ၂၃  

Standing On the Promises

Standing on the promises of Christ my King,
Through eternal ages let His praises ring,
Glory in the highest, I will shout and sing,
Standing on the promises of God.
Refrain:
Standing, standing,
Standing on the promises of God my Savior;
Standing, standing,
I’m standing on the promises of God.

Standing on the promises that cannot fail,
When the howling storms of doubt and fear assail,
By the living Word of God I shall prevail,
Standing on the promises of God.
Refrain

Standing on the promises I now can see
Perfect, present cleansing in the blood for me;
Standing in the liberty where Christ makes free,
Standing on the promises of God.
Refrain

Standing on the promises of Christ the Lord,
Bound to Him eternally by love’s strong cord,
Overcoming daily with the Spirit’s sword,
Standing on the promises of God.
Refrain

Standing on the promises I cannot fall,
Listening every moment to the Spirit's call
Resting in my Savior as my all in all,
Standing on the promises of God.
Refrain
“Let us hold fast the profession of our faith without wavering; for he is faithful that promised.” (Hebrews 10:23)

Great is Thy Faithfulness သီချင်းအကြောင်း

Thomas Obadiah Chisolm
Great  is Thy Faithfulness သီချင်းအကြောင်း
Thomas Obadiah Chisolm (1866-1960) ဟာ လူလတ်ပိုင်းဘဝမှာ ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရသူပါ။ ကျန်းမာရေး ချူချာလွန်းလို့ အလုပ်မလုပ်နိုင်ပဲ၊ အိပ်ယာထဲ လဲနေခဲ့တယ်။ ဝေဒနာခံစားနေရတဲ့ကြားက လိုအပ်ချက်တွေကြောင့် အချိန်ပိုတွေမှာ အလုပ်မျိုးစုံ ပြေးလွှားလုပ်ကိုင်ခဲ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ်မှာ ခရစ်တော်ထံ လှည့်ပြန်ပြီးနောက်၊ သောမတ်စ်ဟာ ကျမ်းစာဖတ်ရာမှာ မွေ့လျော်လာပါတယ်။ သူနေမကောင်းတဲ့အချိန်၊ အားနည်းနေချိန်တွေမှာ ဘုရားသခင်က အားပေးမ,စ ပြီး၊ လိုတာတွေ ဖြည့်ဆည်းပေးတာကို ကိုယ်တိုင်ခံစားလာရတယ်။ မြည်တမ်းစကား ၃း ၂၂- ၂၃ ဟာ သူအကြိုက်ဆုံး ကျမ်းပိုဒ်တွေတခု ဖြစ်လာပါတယ်။ “ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့်၊ ငါတို့သည် ဆုံးရုံးခြင်းသို့ မရောက်ပဲနေကြ၏။ နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။”

သာသနာပြုခရီးတခုမှာ ရောက်နေတုန်း သူရဲ့မိတ်ဆွေရင်း၊ မထင်ရှားတဲ့ ဂီတသမား William Runyan ထံကို စာမကြာခဏရေးခဲ့ပါတယ်။ ကဗျာတွေလည်း ဖလှယ်ခဲ့ကြပါတယ်။ ကဗျာတပုဒ်ကတော့ စိတ်လှုပ်ရှားစရာကောင်းလို့ Runyan အနေနဲ့ သံစဉ်ထည့်ပြီး သီချင်းဖွဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Great is Thy Faithfulness သီချင်းကို ၁၉၂၃ မှာ ဖြန့်ချီခဲ့ပါတယ်။

အစပိုင်းမှာတော့ နှစ်ပေါင်းများစွာကြာအောင် သီချင်းက လူသိမများခဲ့ပါဘူး။ နောက်တော့ Moody Bible Institude က ပါမောက္ခတယောက်က အရမ်းကြိုက်ပြီး၊ ကျောင်းရဲ့ ဝတ်ပြုခြင်း အစီအစဉ်တွေမှာ မကြာခဏတောင်းဆိုရာကနေ၊ ကျောင်းသီချင်းနီးပါး ဖြစ်လာပါတယ်။

၁၉၄၅ ခု Billy Graham ဧဝံဂေလိတရားဟောပွဲမှာ George Beverly Shea က Great is Thy Faithfulness ကို စဆိုလိုက်ချိန်မှာတော့ ဒီသီချင်းကို ကမ္ဘာတဝှန်းလုံး ကြားလိုက်ရပါတော့တယ်။

Thomas Chisolm ဟာ ၁၉၆၀ ပြည့်နှစ်၊ အသက် ၉၄ မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ဘဝမှာ O To Be Like နဲ့ Living for Jesus အပါအဝင် သီချင်းတွေနဲ့အတူ၊ ကဗျာ အပုဒ်ပေါင်း ၁,၂၀၀ ကျော်ရေးသားခဲ့ပါတယ်။

“I will sing of the mercies of the Lord for ever: with my mouth will I make known Thy faithfulness to all generations.” (Psalm 89:1)
“အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော်ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။” – (ဆာလံ ၈၉း ၁)

Great is Thy Faithfulness

Refrain:
Great is Thy faithfulness!
Great is Thy faithfulness!
Morning by morning new mercies I see.
All I have needed Thy hand hath provided;
Great is Thy faithfulness, Lord, unto me!

Great is Thy faithfulness, O God my Father;
There is no shadow of turning with Thee;
Thou changest not, Thy compassions, they fail not;
As Thou hast been, Thou forever will be.
Refrain

Summer and winter and springtime and harvest,
Sun, moon and stars in their courses above
Join with all nature in manifold witness
To Thy great faithfulness, mercy and love.
Refrain

Pardon for sin and a peace that endureth
Thine own dear presence to cheer and to guide;
Strength for today and bright hope for tomorrow,
Blessings all mine, with ten thousand beside!
Refrain
“I will sing of the mercies of the Lord for ever: with my mouth will I make known Thy faithfulness to all generations.” (Psalm 89:1)

Brighten the Corner Where You Are (Burmese) သီချင်းအကြောင်း

Ira D. Ogden
Brighten the Corner Where You Are

Composer Ira D. Ogden

Ira D. Ogdon

Ira D. Ogdon (1872-1964) ဟာ ကျောင်းဆရာမဘဝကနေ ဧဝဂေလိလုပ်ငန်းတွေမှာ ပါဝင်နေချင်သူပါ။ မကျန်းမာတဲ့အဖေကို ပြုစုဖို့အတွက် ဒီရည်ရွယ်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ၁၉၁၃ မှာ Ogdon ဟာ တရားဟောစဉ်မြင့်နဲ့ သာသနာပြုနယ်မြေတွေမှာပဲ ဘုရားသခင်အတွက် လုပ်လို့ရတာမဟုတ်ဘူးဆိုတာကို Brighten the Corner Where You Are သီချင်းနဲ့ ခရစ်ယာန်တွေကို သတိပေးခဲ့ပါတယ်။ သူရေးတဲ့ တခြားသီချင်းတွေဖြစ်တဲ့    Carry your Cross With a Smile and What Would Jesus Do?, တို့မှာလည်း ဒီသဘောကိုပဲ အဓိကထား ရေးထားပါတယ်။

ဒီသီချင်းရဲ့ သံစဉ်ကိုတော့ နာမည်ကြီးဂီတဆရာ  Charles Hutchinson Gabriel (1856-1932) က ရေးဖွဲ့ပါတယ်။ . Gabriel  က I Stand Amazed In the Presence အပါအဝင် ဓမ္မသီချင်း အပုဒ် ၂၀ ကျော်အတွက် စာသားတွေ ရေးခဲ့ပြီး၊ လူသိများတဲ့ Will the Circle be Unbroken အပါအဝင် အပုဒ် တရာနီးပါးအတွက် သံစဉ်တွေ ရေးခဲ့ပါတယ်။

Hutchinson Gabriel (1856-1932)




Brighten the Corner Where You Are သီချင်းကို  Sunday schools နဲ့ အသင်းတော်များစွာမှာ ဆိုကြပါတယ်။ အမေရိကန် နာမည်ကြီး Jazz အဆိုတော် Ella Fitzgerald အပါအဝင် အဆိုတော်များစွာကလည်း အသံသွင်းဖြန့်ချီခဲ့ကြပါတယ်။       ။
Brighten the Corner Where You Are

Do not wait until some deed of greatness you may do,
Do not wait to shed your light afar,
To the many duties ever near you now be true,
Brighten the corner where you are.
Refrain:
Brighten the corner where you are!
Brighten the corner where you are!
Someone far from harbor you may guide across the bar;
Brighten the corner where you are!

Just above are clouded skies that you may help to clear,
Let not narrow self your way debar;
Though into one heart alone may fall your song of cheer,
Brighten the corner where you are.
Refrain

Here for all your talent you may surely find a need,
Here reflect the bright and Morning Star;
Even from your humble hand the Bread of Life may feed,
Brighten the corner where you are.
Refrain
“And whatsoever ye do in word or deed, do all in the name of the Lord Jesus, giving thanks to God and the Father by him.” (Colossians 3:17)